International News

ရက်သတ္တပတ်အနည်းငယ်အတွင်း အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိနိုင်ကြောင်း ဥရောပကော်မရှင်ဥက္ကဌ ပြောကြား

Last Updated:

အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးသဘောတူညီချက် ရရှိရန်ဆန္ဒရှိကြောင်း၊ အမေရိကန်နိုင်ငံနှင့် အီးယူတို့ အကြား ကုန်သွယ်မှုဆိုင်ရာပြသနာများကို ပြေလည်အဆုံးသတ်နိုင်စေမည့့်် သဘောတူညီမှု တစ်ရပ်ကို ရက်သတ္တပတ် အနည်းငယ်ကာလအတွင်း ရရှိလိုကြောင်း ဥရောပကော်မရှင်ဥက္ကဌဖြစ်သူ Ursula von der Leyen ဂျာမန်သတင်း အေဂျင်စီ DPA သို့ ပြောကြားခဲ့ကြောင်း၊ အဆိုပါ သဘောတူညီချက်တွင်ပါဝင်သည့် နယ်ပယ်များနှင့်စပ်လျဉ်း၍ ပြောဆိုခြင်းမရှိသော်လည်း အမေရိကန်နိုင်ငံသမ္မတဖြစ်သူ ဒေါ်နယ်ထရမ့်နှင့် ကုန်သွယ်မှု၊ နည်းပညာနှင့် စွမ်းအင်ဆိုင် ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟု သူမကပြောကြားခဲ့ကြောင်း Politico သတင်းဌာန၏ ၂၂-၁- ၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရသိရှိရပါသည်။

ဉရောပကော်မရှင်ဉက္ကဌနှင့် အမေရိကန်နိုင်ငံသမ္မတတို့သည် ပြီးခဲ့သည့် ၂၁.၂.၂၀၂၀ရက်နေ့က ဆွမ်ဇာလန်နိုင်ငံ၊ ဒါဗို့မြို့ တွင် တွေ့ဆုံခဲ့ကြကြောင်း၊ ယင်းတွေ့ဆုံမှုအပြီးတွင် အိမ်ဖြူတော်မှ ကြေညာချက်တစ်ရပ်ထုတ်ဖော်ခဲ့ပြီး မကြာမီ ကာလအတွင်း အမေရိကန်နိုင်ငံနှင့် ဉရောပသမဂ္ဂတို့၏ ကုန်သွွယ် ရေးသဘောတူညီမှုအတွက် တိုးတက်မှုများရရှိရန် မျှော်လင့်ထားကြောင်း ဖော်ပြထားသည်ဟု သိရှိရပါ သည်။ ဉရောပကော်မရှင်ဉက္ကဌ Ursula von der Leyen နှင့်တွေ့ဆုံရာတွင် အီးယူ၏ ကားများအပေါ် အခွန်ကောက်ခံမည့်ကိစ္စကို ပြောကြားခဲ့ကြောင်း၊ ၎င်းတို့အကြား သဘောတူညီမှုမရခဲ့ပါက အမေရိကန်နိုင်ငံသို့ ဝင်ရောက်လာမည့် အီးယူ၏မော်တော်ယာဉ်များနှင့် အခြားပစ္စည်းများ အပေါ် အလွန်မြင့်မားသော အခွန်နှုန်းထားများကို ပြဌာန်းသွားမည်ဟု မိမိအနေဖြင့် ပြောကြားခဲ့ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က CNBC သတင်းဌာနသို့ ပြောကြားခဲ့သည်ဟုလည်း သိရှိရပါသည်။

ဉရောပကော်မရှင်၏ ကုန်သွယ်ရေးကော်မရှင်နာဖြစ်သူ Phil Hogan က ၎င်းအနေဖြင့် အမေရိကန်နိုင်ငံနှင့် သဘောတူ ညီချက်ရရှိရေး အဆင်သင့်ရှိနေကြောင်း နှစ်ဘက်အကြား ကုန်သွယ်မှုသဘော တူညီချက်ရရှိနိုင်ရေးအတွက် အမေ ရိကန်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများအပေါ် စည်းမျဉ်းစည်းကမ်းများနှင့်စပ်လျဉ်းသည့် အတား အဆီး (regulatory barriers) အချို့အပေါ် အီးယူဘက်မှ လျှော့ချပေးနိုင်ဖွယ်ရှိမှုကို အရိပ်အမြွက် ပြောကြားခဲ့ ကြောင်းလည်း အဆိုပါသတင်းက ဖော်ပြထားပါသည်၊၊

ရင်းမြစ်- (https://www.politico.eu)

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

Category: International News